မိုးရာသီမှာ ဆံကေသအလှ မပျက်ရလေအောင်
01-Mar-2017
မိုးရာသီမှာ ဆံပင်တွေဟာ ညင်းသိုးသိုး၊ စေးကပ်ကပ်၊ လိမ်ကောက်ကောက်ဖြစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ဆံနွယ်တွေကို အမြဲတမ်း အုန်းဆီကျဲကျဲဖြင့် ဦးရေပြားအတွင်း စိမ့်သွားတဲ့အထိ လိမ်းပေးရပါမယ်။ မိုးရာသီအတွင်း အုန်းဆီဟာ ဆံပင်အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဦးရေပြားအတွက် လိုအပ်တဲ့ဓာတ်တွေကို ဖြည့်ဆည်းပေးတဲ့အပြင် ဦးရေပြားရဲ့ အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။မိုးရာသီမှာ ရာသီဥတုစိုထိုင်းမှု လွန်ကဲတာကြောင့် မိုးဖွဲမိပါက မိုးပေါက်နဲ့ချွေးတွေရောကာ ယားယံလာပြီး ဗောက်တွေ ပိုထတတ်ပါတယ်။ ဒါကြောင့် မိုးရာသီအတွင်းမှာ အပတ်စဉ် ပုံမှန်ခေါင်းလျှော်ပေးရပါမယ်။ ခေါင်းလျှော်ရင်လည်း ဆံပင်သာမက ဦးရေပြားကိုပါ သန့်ရှင်းသွားအောင် သေချာဆေးကြောသန့်ရှင်းသွားအောင်သေချာဆေးကြောသန့်ရှင်းရပါမယ်။
ခေါင်းလျှော်ပြီးရင်လည်း ဆံပင်ကို လေအေးပေးစက်သုံးပြီး အခြောက်ခံရပါမယ်။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ မိုးမိလာပြီဆိုရင် မိုးစက်ပေါက်တွေမှာ အက်ဆစ်ဓာတ် အနည်းနှင့်အများ ပါဝင်ပါတယ်။ ၎င်းအက်ဆစ်ဓာတ်ဟာ ဆံပင်ရဲ့ စိုထိုင်းမှုကို စုပ်ယူပေးသွားတဲ့အပြင် ဆံပင်အရောင်ကို မွဲခြောက်သွားစေပါတယ်။ လေအေးစက်သုံးကာ ဆံပင်ကို အခြေခံခြင်းအားဖြင့် ဆံပင်အတွက် လိုအပ်တဲ့ စိုစွတ်မှု ပမာဏကို ထိန်းသိမ်းပေးထားပြီး ဆံနွယ်လေးများမှာ နူးည့ံကာ တောက်ပြောင်နေမှာ ဖြစ်ပါတယ်။
ဒါကြောင့် မိုးရာသီရောက်ပြီဆိုရင် ဖြစ်နိုင်ပါက ဆံပင်တိုတိုထားတာ အကောငး်ဆုံးပါ။ ဆံပင်ကိုဖြတ်ပစ်ရမှာ နှမြောသူ၊ ဆံပင်အရှည်ထားချင်သူ အမျိုးသမီးများအဖို့ အမြဲသပ်သပ်ရပ်ရပ် စည်းနှောင်ထားသင့်ပါတယ်။ ဆံပင်ပုံသွင်းတဲ့ဆေးတွေ၊ ဂျယ်တွေဟာလည်း ဦးရေပြားကို စေးကပ်နေပြီး ယားယ့ခြင်း ဗောက်ထခြင်း ဖြစ်စေတဲ့အတွက် မိုးရာသီမှာ အသုံးမပြုပါနှင့်။ မိုးရာသီအတွင်း ဆံပင်အတွက်အာဟာရဖြစ်စေမယ့် သင့်တော်တဲ့ သဘာဝဓာတ်စာတွေကိုပါ ဖော်ပြလိုက်ပါတယ်။ ဗီတာမင်အီးနှင့် ပရိုတင်းဓာတ်တွေပါတဲ့ အစားအသောက်တွေဟာ ဆံပင်အတွက် အကောင်းဆုံးပါ။ ဒါတွေကတော့ သစ်ကြားသီး၊ ဥအမျိုးမျိုး၊ ငါး၊ ဒေါက်ခွစွပ်ပြုပ်၊ ပဲနီကလေးစတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ရေနဲ့လတ်ဆတ်တဲ့
သစ်သီးဖျော်ရည်တွေကိုလည်း မကြာခဏ သောက်ပေးရပါမယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ရာဇာစိုး
Health for all magazine, August 2015, Pg. 32